You

You
Always Beautiful

Saturday 21 February 2015

အထီးကျန်ခြင်းသည်သာ ငါ့၏ကမ္ဘာ



နေ့ရက်များစွာ ခြောက်ချားစွာနဲ့
ဒီ အခန်းကျဉ်းလေးထဲ
ငါ တစ်ယောက်တည်း။

လူးပေါင်းများစွာ..မြင်တွေ့နေလည်း
ငါ ၏ စိတ်က..အတွေးစက
ရွတ်ဆိုမိသည်မှာ
ငါတစ်ယောက်တည်း။

အတွေးများစွာ တစ်ကမ္ဘာနဲ့
အထီးကျန်စွာ ငိုကြွေးနေလည်း
ကယ်သူမဲ့တဲ့ ငါဘ၀က
နောက်ဆုံးတော့လည်း
ငါတစ်ယောက်တည်း။

သောကမီးတွေ တောင်လိုသီလည်း
ဘယ်သူမပြု မိမိမှုမို့
မျက်စိကိုမှိတ်..အံကိုကျိပ်လို့ ခံရတော့လည်း
ငါ တစ်ယောက်တည်း။

နောက်ဆုံးတော့လည်း
အဖော်မဲ့စွာ ကျန်ခဲ့သည်မှာ

ငါတစ်ယောက်တည်း။  
11/11/2011