You

You
Always Beautiful

Monday 19 February 2018

ပေးခြင်သ၍သာ



ပေး ခြင်သလောက်ပဲ ရမယ်ဆိုတာ နားလည်ထားပါတယ်။ အထူးသဖြင့် ချစ်ခြင်း
မေတ္တာ လိုအရာမျိုးပေါ့။ လူ တစ်ယောက်က လူတစ်ယောက်အပေါ်မှာ အလေးထားမူ၊ ပြုမူပြောဆို ကြင်နာယုယမူတွေဆိုတာ ချစ်ခြင်း မေတ္တာရဲ့ တန်ခိုး စွမ်းအားကြောင့်သာ မဟုတ် ရင် အလိုလျှောက်ဖြစ်ပေါ်လာမှာ မလုပ်ဘူးလေ။ ဟန်ဆောင်မူတွေနဲ့ အတုအပတွေလုပ်ယူမယ်ဆိုရင်တောင် ဒီအရာတွေက တခဏတာပဲဖြစ်ပါလိမ့်မယ်။ ကျမ သူ့ကိုယုံကြည်တယ်၊ အလေးထားတာ၊ ချစ်တယ်။ သူ ကျမအပေါ်အလေးထားမူတွေ၊ ဂရုစိုက်မူတွေ၊ ချစ်ခြင်းမေတာတွေကို အသိအမှတ်ပြုခဲ့တယ်။ ဒါ တွေအားလုံးက ကျမ သူ့အပေါ် ချစ်တဲ့စိတ် နဲ့ ယုံကြည်နေလို့သာ ဖြစ်ပေါ်လာခြင်းဖြစ်လိမ့်မယ်။ လူတွေရဲ့ စိတ်က ပြောင်းလဲတာ မြန်တယ်ဆိုတာ လက်ခံထားပါတယ် နားလည်းလည်တယ် သို့သော်လည်း သူကျမအပေါ်မှာ ပြောင်းလဲမူတွေမြန်ဆန်နေလားလို့ သံသယရှိမိတယ်။ ဒါလည်း ကျမသူပေါ် ချစ်လွန်းလို့ဖြစ်ပေါ်လာတဲ့စိတ်လား ၀ေခွဲမရဘူးရယ်။ လူတစ်ယောက်က လူတစ်ယောက်အပေါ်မှာ ဘယ်လောက်တန်ဖိုးထားပါတယ် ဂရုစိုက်ပါတယ်ဆိုတာ             ပါးစပ်ကဘယ်လောက်ဖွင့်ပြောပြော သူ သူမကို ပေးတဲ့ အချိန်၊ ကြင်နာမူတွေလောက် တန်ဖိုးရှိမယ် မထင်ပါဘူး။  ကျမ ဆိတ်ဆိတ်နေယုံကလွဲလို ကျမ တတ်နိုင်တာ ဘာမှမရှိပါဘူး။ အနေလည်း၀ေးနေမယ် အဆက်အသွက်လည်း အမြဲလိုလိုရှိမနေဘူးဆိုရင် နှစ်ဉီးလုံးအတွက် ကြင်နာမူ ယုယမူတွေ ပိုမိုဆက်လာနိုင်တယ်၊ ရှေ့ဆက်ဖို့ခွန်အားတွေနည်းလာနိုင်တယ်လ။  ကျမ ယုံကြည်ထားတဲ့ တယ်ချစ်ကြတဲ့ ချစ်သူတွေဆိုတာ အချိန်ကာလာ ကြာလာသည်နဲ့အမျှ အချစ်တွေတိုးပွားလာပြီး တစ်ဉီးအပေါ်တစ်ဉီး နားလည်မူအပြည့်နဲ့ အရာရာကို ရင်ဆိုင်ပြီး ရှေ့ဆက်ဖို့ ခွန်အားတွေဖြစ်စေတယ်။ အကယ်၍ မြတ်နိုးခြင်းတွေ၊  တန်ဖိုးထားခြင်းတွေ၊ ဂရုစိုက်မူတွေ၊ မေတ္တာတွေ ၊ ကြင်နာခြင်းတွေသာ မရှိဘူးခဲ့ဘူး မရှိတော့ဘူးဆိုရင် ကျမတိုအချိန်တွေ နှမျောစရာကောင်းလှတယ်။ 
 ကျမကို ချစ်သော ကျမချစ်ရသော သူတွေအတွက်သာ ချစ်ခြင်းမေတာတွေကို မျှေ၀ေပေးချင်တယ်။ ကျမ အချိန်တွေက သူတို့အတွက်သာ ဖြစ်ေစချင်တယ်။ ဘာပဲဖြစ်ဖြစ် သူပေးသလောက်ပဲ ကျမ တန်ဖိုးထားပါတယ်။ ဒါသည်ပင်လျှင် ကျမ သူ့ကို တစ်ကယ်ချစ်ပါတယ်ဆိုတဲ့ သက်သေဖြစ်စေမယ်။ ချစ်သူတွေဆိုတာ ပျော်ရွှင်တဲ့အချိန်၊ ၀မ်းနည်းတဲ့အချိန်၊ အခက်အခဲရှိတဲ့အချိန်၊ အစဉ်မပြေတဲ့အချိန်၊ ဒီလိုအချိန်မျိုးတွေမှာလည်း တစ်ဉီးပေါ်တဉီး ယုံကြည်မူအပြည့်နဲ့ ဖေးဖေးမမ မားမားမတ်မတ်ရပ်တည်ပေးနိုင်ဖို့ လိုမယ်ထင်တယ်လေ။ ဘ၀က တစ်ခါတစ်ရံမှာ တစ်ယောက်ထဲ ရင်ဆိုင်ဖို့ခက်ခဲလှပါတယ်။ ကျမအနေနဲ့ စိတ်ဓါတ်ကြံခိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်နိုင်ပေမယ့်  တစ်ယောက်ထဲ ရင်ဆိုင်ဖြေရှင်းဖို့ မတတ်နိုင်တဲ့အခါမျိုးမှာတော့ သူကရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ရင်ဆိုင်ဖြေရှင်းပေးမယ့် သူတော့ဖြစ်စေချင်တယ်။ သူသည်သာ ကျမတွက် ဉီးဆောင်သူဖြစ်စေချင်တယ်။ သေချာတာတခုကတော့ အရွယ်ရောက်နေတဲ့ လူတစ်ယောက်မှာ လူမူရေး၊ စီးပွားရေး ၊ အလုပ်၊ ဒါတွေနဲ့ပဲ အမြဲတမ်းအစဉ်ပြေနေတဲ့သူဆိုတာ ရှားလွန်ပါတယ်။ ရူပ်ထွေးလှတဲ့ မြို့ပြမှာ လုပ်ကိုင်ရှာဖွေ စားသောက်နေရသူတွေ အဖို့ ပိုပြီး တာ၀န်ကြီးလှပါတယ်။ တခါတလေ ရင်ထဲမှာ အထီးကျန်ခြင်း၊ လွမ်းဆွပ်ခြင်း၊ ၀မ်းနည်းခြင်း တွေ ကိုယ်ဆီရှိကြမှာပါ။ ကျမ သူ့ကို အားကိုးတစ်ကြီးဖွင့်ဟပြောချင်မိတယ်။ ဒါတွေဟာ ကျမတွက် အိမ်မက်တစ်ခုမျှသာ။ ကျမ သူ့ကိုလိုအပ်တယ် ထိုနည်းတူ သူလည်း ကျမကိုလိုအပ်လိမ့်မယ်လို့ မျှော်လင့်ရင်းပေါ့။