နေ့ရက်များစွာ
ခြောက်ချားစွာနဲ့
ဒီ အခန်းကျဉ်းလေးထဲ
ငါ တစ်ယောက်တည်း။
လူးပေါင်းများစွာ..မြင်တွေ့နေလည်း
ငါ ၏ စိတ်က..အတွေးစက
ရွတ်ဆိုမိသည်မှာ
ငါတစ်ယောက်တည်း။
အတွေးများစွာ
တစ်ကမ္ဘာနဲ့
အထီးကျန်စွာ
ငိုကြွေးနေလည်း
ကယ်သူမဲ့တဲ့ ငါဘ၀က
နောက်ဆုံးတော့လည်း
ငါတစ်ယောက်တည်း။
သောကမီးတွေ
တောင်လိုသီလည်း
ဘယ်သူမပြု မိမိမှုမို့
မျက်စိကိုမှိတ်..အံကိုကျိပ်လို့
ခံရတော့လည်း
ငါ တစ်ယောက်တည်း။
နောက်ဆုံးတော့လည်း
အဖော်မဲ့စွာ
ကျန်ခဲ့သည်မှာ
ငါတစ်ယောက်တည်း။
11/11/2011