သြော်…..ဘာလိုလိုနဲ့ International ကျောင်းသူ ခေါင်းစဉ်းကြီးနဲ့ နိုင်ငံခြားတက္ကသိုလ်ကြီး တစ်ခုက အားနားပါနာ ဘွဲတခုတော့ယူရအုံးမှာပါလားလို့တွေးမိရင်း.. တချိန်တုန်းက ရောင်လည်ရောင်လည် ဘာမသိညာမသိ နဲ့ပဲ ဒီလိုတက္ကသိုလ်ကြီးတစ်ခုမှာ ပညာသင်ခွင့်ရဖို့ ကြိုးစားခဲ့ရတဲ့ အချိန်တခဏ... ဘ၀အစကို ပြန်လည် သတိရမိတယ်။
လူတိုင်းလူတိုင်းက
ဘွဲ့ကိုယ့်စီကို လည်ပင်းချိတ်ပီး ကြွားဝါနေနိုင်တဲ့ အချိန်မှာ ကိုယ့်က ခုချိန်ထိ
ဘာဘွဲ့မှမရသေးပါလားပေါ့….ကိုယ့်ကိုယ်ကို သိမ့်ငယ်သလိုလို၊ အသုံးမကျသလိုလိုတော့
ခံစားမိပါတယ်။ တခါတလေလည်း ကိုယ့်ကိုယ်ကို နှစ်သိမ့်လို့ သြော် ငါက
နိုင်ငံခြားတက္ကသိုလ်တစ်ခုက ဘွဲ့လက်မှတ်ရမှာပဲလေ။ ဒီခေတ်ကြီးမှာကတော့
ဘွဲ့လက်မှတ်ဆိုတာ ထမင်းစားဖို့ပေးတဲ့လက်မှတ်တခုလို့ ဆိုပေမဲ့ ဘယ်လိုဘွဲ့မျိုးကို
ဘယ်ကျောင်းက ရခဲ့တာလည်းဆိုတာလေးပေါ်မှုတည်ပီး ကွဲပြားမှုလေးတွေရှိတာတော့
ထည့်မပြောတော့ပါဘူး။ ဘယ်လိုကျောင်းမျိုးကနေ
ဘယ်လိုဘွဲလေးပဲ့ရရ..ဘာမှကိုင်မထားတဲ့သူထက်စာရင်တော့
နည်းနည်းတော့လူရှိန်တာပေါ့လေ..ပီးတော့ အခွင့်အရေးပိုတာပေါ့လေ ။
ခုခေတ်အလုပ်တော်တော်များများကလည်း
တကယ်လူတစ်ယောက်မှာရှိနေတဲ့အရေးအချင်းအစစ်ထက်...လက်မှတ်လေးပါမှလဲ ခန့်ချင်ကြသကိုး
ဒါကတော့ လက်တွေ့ပါ...လွန်ခဲ့တဲ့ ၃ နှစ်ယောက်ကအလုပ်လျောက်ခဲ့ဖူးတဲ့
အလုပ်အတွေ့အကြုံလေးထဲကတခုပေါ့..။ အစိုးရကျောင်းတစ်ယောက်က လက်မှတ်ကိုင်မထားပေမဲ့
အဲဒီလက်မှတ်ကိုင်ထားတဲ့လူအချို့ထက်တော့ ကိုယ့်ရဲ့အရည်းအချင်း….အလုပ်အတွေ့အကြုံက
သာတယ်ဆိုတာ ကိုယ့်ကိုယုံကြည့်မှုအပြည်ရှိတယ်။ အစိုးရကျောင်းက ဘွဲ့လက်မှတ်မရှိပေမဲ့
ပြည်ပက အထက်တန်းကျောင်း..ဆယ့်နှစ်တန်းအောင်လက်မှတ်တို့...အင်္ဂလိမ်စာ
အရေးအသားအပြောအဆို အဆက်အသွယ်ပိုင်းမှာ ပိုင်နိုင်တယ်ဆိုတဲ့ လက်မှတ်တွေကို
ကိုင်ထားတဲ့သူတစ်ယောက်ဖြစ်သော်လည်း..အစိုးရဘွဲ့ရထားတဲ့သူတွေနဲ့ကို မနည်း
ပခုံးချင်းတိုက်ပီး ယှဉ်ပြိုင်လာခဲ့ရတယ်။ အဲဒီအခါမှ
နောင်တတခုရမိပါတယ်...သြော်..တချိန်တုန်းက မြန်မာပြည်က
ဘွဲ့လက်မှတ်ဒီလောက်အရေးပါမှန်းမသိခဲ့တဲ့ နောင်တတရားပေါ့။
ပညာရေးနဲ့ ပါတ်သက်ရင်
အိပ်မက်တွေ အကြီးအကျယ်မက်ခဲ့ဖူးပေမဲ့ မက်နေတဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့
အခွင့်အရေးရခဲ့တာ နောက်ကြနေတော့လည်း အိမ်မက်တွေနဲ့ ဝေးဝေးသွားသလိုခံစားရတယ်။
ငယ်ရွယ်သေးတဲ့အချိန်တုန်းကတော့ စိတ်ကူးယဉ်ဆန်ဆန် အိမ်မက်ကြီးတွေဖြစ်တဲ့ ဘီကေ၊
မာစတာ၊ ပီအိပ်စ်ဒီ ဆိုတဲ့ အမှီးရှည်ရှည်ဖြစ်ဖို့ ကြိုးစားချင်စိတ်တွေ
တဖွားဖွားဖြစ်ခဲ့ဖူးတယ်။ အဲဒီကြီးမားတဲ့ အိမ်မက်တွေလည်း အခုတော့ ဝေေ၀၀ါးဝါးပဲ
တဖြေးဖြေးပျောက်လုမတတ်ဖြစ်နေတယ်။ အသက်ကလေးလည်းရလာတော့
ခုထိတောင်.ဘီအေမရသေးဆိုတော့
ရည်းမှန်းချက်ကအရမ်းအလှမ်းကွာနေတာပေါ့နော်။တချိန်တုန်းကတော့..ဒေါက်တာရှုး
ရှုးခဲ့ဖူးတယ် ဖြစ်ချင်ခဲ့တယ် ကိုယ့်နာမည်လေးေ၇ှ့မှာ ဒေါက်တာတတ်ခေါ်လိုက်ရင်
.တော်တော်လေးလှမယ်လို့လဲ ကိုယ့်ကိုယ်ကို ဒေါက်တာတတ်ခေါ်ပီး
ခတ်ကြောင်ကြောင်အတွေးတွေနဲ့ပိတိဖြစ်ဖူးတယ်။
လူကလည်း ခပ်ချာချာထဲမှာပါတော့
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲလေးကိုလည်း အောင်တယ်ဆိုရုံလေးပေါ့ ကံကောင်းလို့. မဟုတ်ရင်
တစ်နှစ်စာကို ၁၀
ရက်လောက်ပဲအပြတ်သင်ပေးတဲ့အဝေးသင်တက္ကသိုလ်ကြီးတောင်တက်ခွင့်ရမှာမဟုတ်ဘူး။ ဒီလိုနဲ့
အဝေးသင်လေးတက်ပီး မိဘလက်ငုတ် ယာလေးချောင်းတွေကို အငှားတသိုက်နဲ့
ဦးစီဦးဆောင်လုပ်ပီး နှစ် နှစ်လောက် တောင်သူဘ၀ ရုန်းကန်ခဲ့ဖူးတယ်.။
ကာရံတွေပဲလွဲနေလေလား...တကယ်လမ်းမှန်ပေါ်ပဲခုန်ကူးမိလေလားတော့မသိပါဘူး...တက္ကသိုလ်
ဘွဲ့ရခါနီး နောက်ဆုံးနှစ်မှာပဲ...အတွေးတခုဝင်လာမိတယ်…”ငါ ဒီဘွဲ့ရပီးရင် ငါဘဝ
အာမခံချက်ဘာရှိလဲ” ဆိုတဲ့အတွေးမျိုးနဲ့ ခြောက်ခြားလာခဲ့တယ် ။ သူများတွေကတော့
မိဘအားကိုးနဲ့ ဆေးကျောင်းတွေတက်လိုက်ကြ...စီးပွားရေးတက္ကသိုလ်လားဟ...အပြိုင်းအဆိုင်တွေပေါ့။.ကျောင်းပီးရင်လည်း
မိဘအမွေ ကုမဏီကြီးတွေ ဆက်ခံဖို့အဆင်သင့်လေ။ ကိုယ်ကတော့ မိဘများကလည်း သူများတွေလို
ဘိုးဘွားအမွေအနှစ်တွေ ပိုင်ဆိုင်ထားတဲ့
ကုမဏီပိုင်ရှင်ကြီးတွေလည်းမဟုတ်...မိဘအမွေဆက်ခံရအောင်...ကိုယ့်မိဘကတောသူတောင်သားဆိုတော့
သေချာတာတစ်ခုကတော့ ဘွဲ့ရ ထမင်းချက်ပေါ့.။ ဒီလိုနဲ့ပဲ တောင်သူဘ၀ လိမ်ဖယ် လိမ်ဖယ်နဲ့
နေပှုမရှောင် မိုးရွာမရှောင်..အငှားသမားတွေနဲ့ လက်တွဲပီးအလုပ်လုပ်ခဲ့တာ
နှစ်နှစ်ကျော် သုံးနှစ်စွန်းစွန်းရောက်လာရောပေါ့..။
မှတ်မှတ်ရရအညာအခေါ်အဝေါ်ပဲပြောရမလား
တောသူတောင်သားတွေခေါ်နေကျစကားလို့ပြောရမလားပဲ မိုးဦးကျစလေးပေါ့
သီးနှံပြန်စိုက်ဖို့ ဖေဖေက ထယ်ထွန်လို့ ကျမက အငှားသမား သုံးယောက်နဲ့
ပေါင်းကောက်နေရတာပေါ့။ ကျမက အတွေးတွေနဲ့ ရှင်သန်နေသူတစ်ယောက်ဆိုမမှားပါဘူး။
လူကသာ ယာထဲမှာ ပေါင်းကောက်နေတာ စိတ်တွေကတော့ တိမ်ထဲမှာပျံဝဲနေလို့ပေါ့။
ရုတ်တရက်ဝင်လာလိုက်တဲ့ အတွေးတခုက ကျမကို အသံထွက်ပီး အော်ငိုမိခဲပါတယ်။
ခဏတာအချိန်လေးမှာပဲ အထိပ်တလန့်နဲ့ ဖေဖေ ကျမနားကိုရောက်လာပီးခဲပါတယ်။ ကျမ ဖေဖေကို
စိတ်တိုနေတဲ့လေသံနဲ့ မေးခွန်းတခုကောက်မေးလိုက်တယ်.…”
ဒီလောက်စာတွေသင်...ဒီလောက်ကျောင်းတွေတက်ပီး ဘာလိုဒီအလုပ်တွေပဲ လုပ်နေရတာလဲ” ဖေဖေ လို့မေးလိုက်မိပါတယ်။
ဖေဖေမျက်လုံးတွေထဲမှာ အဖြေတွေရှိနေသော်လည်း ဖေဖေက ကျမမေးခွန်းကိုပြန်မဖြေခဲ့ပဲ
ရီဝေေ၀မျက်လုံးတွေနဲ့ ကျမကျောကို အသာပွတ်ပီး...
“ သမီးငယ် နားချင်ရင်
ဟိုနားက သစ်ပင်အောက်မှာ သွားနားနေလေ..” တဲ့ ယာထဲကနေ အိမ်ပြန်ဖို့ အချိန်ကလည်း
လိုသေးတာကိုး..အငှားသမားတွေရယ်...ပီးတော့ မိုးဦးကျဆိုတော့ တောင်သူတွေအဖို့
လုယက်ပီး စိုက်ကြ ပျိုးကြတဲ့ အချိန်ပေါ့လေ။ .ဒီလိုနဲ့ ဖေဖေပြောတဲ့ အပင်လေးအောက်မှာ
ခဏသွားထိုင်ပီး အဲဒီအကြောင်းအရာတခုကိုပဲ ထပ်စဉ်းစားမိပြန်တယ်။ ကျမ
စဉ်းစားလို့တောင် မပီးလိုက်ပါဘူး...ဖေဖေက သမီး အိမ်ပြန်မယ် သိမ်းစရာရှိတာသိမ်းဆိုတော့
ဖေဖေလှည်းတပ်နေတဲ့အချိန်မှာ ကျမက ထမင်းထုတ်လာတဲ့ ထမင်းဂျိုင့်တွေ ရေဘူးတွေကို
လှည်းပေါ်ကောက်တင် ပြီးတော့ လှည်းပေါ်တက် နေရာယူပီးထိုင်လိုက်တယ်။
ဒါနဲ့ပဲ
ဖေဖေလည်းလှည်းပေါ်တက် သားဖနှစ်ယောက် အိမ်ပြန်လာကြတယ်။ ဖေဖေကလည်း
ကျမစိတ်မကောင်းဖြစ်နေမှန်းသိတော့ တခြားမေးခွန်းတွေ ရီစရာတွေလွဲပြောရင်း
သားဖနှစ်ယောက် အိမ်ရောက်လာတော့တယ်။ မေမေကလည်း မိန်းမ ၀တ္တရားကျေပါတယ်
ယောက်ျားယာထဲကပြန်လာတယ်ဆို လှည်းနားရောက်လာ အပြုံးလေးနဲ့ စီးကြိုပေါ့။
နွားလေးဘာလေး ကူဆွဲထမင်းတောင်းလေးတွေ ရေးဘူးလေးတွေ လှည်းပေါ်ကဖြုတ်ပေါ့။ မေမေကတော့ ရေနွေးအိုးတွေ
ချိုချိုချဉ်ချဉ်စားစရာရှိတာလေးတွေ စာပွဲပေါ်ချပေါ့..ယောက်ျားနဲ့ သမီးမောလာတာ
စားဖို့..။ ဒီလိုနဲ့ ရေချိုးဖို့ အချိန်ကျတော့ ရေချိုး..ပီးတော့ သားဖတစ်တွေ
ညစာစားကြပေါ့။
ကျမတို့ မိသားစုလေးရဲ့
ချစ်စရာကောင်းတဲ့အလေ့အထလေးကညစာစားပီးတိုင်း မိသားစုစကားဝိုင်းဆိုတာ
ရှိတယ်...မိသားစုအခက်အခဲ ပြသနာတွေကို ရင်ဖွင့်ပြောဆိုပီး တိုင်ပင်ရင်း
နောက်တစ်နေ့လုပ်မဲ့ အလုပ်အစီအစဉ်တွေကိုဆွဲလေ့ရှိကြတယ်လေ...အဲဒီစကားဝိုင်းမှာ ဖေဖေက
စကားစလာတယ်…
“သမီးငယ် ယာထဲမှာ
ပေါင်းကောက်ရင် ဘာဖြစ်တာလဲတဲ့” စကားစလာတယ် အဲတော့ မေမေက
“ဘာဖြစ်လို့လဲ” ဆိုပီး
ခေါင်းရင်းဘက်ပြူတင်းပေါက်နားမှာ ထိုင်နေတဲ့ ဖေဖေကို လှမ်းမေးလိုက်တယ်..။ ဖေဖေက
စကားဆက်လိုက်တယ်…...
“မင်းသမီးငယ်
ပေါက်ကောက်ရင် ငိုနေတယ်လေတဲ့” အဲဒါနဲ့ မေမေက ပြုံးပြုံးလေးလုပ်ပီး
“ဟုတ်လားသမီးငယ်” ဆိုပီး ကျမဘက်ကိုလှည့်ကြည့်လိုက်တယ်။ ကျမလည်း မေမေကို မဲ့ပြုံးလေးနဲ့
ပြန်ပြုံးပြလိုက်တယ်...ဒါနဲ့ပဲ စကားဝိုင်းက ခဏငြိမ်သက်သွားပါတယ်။ ငြိမ်သက်သွားသော
စကားဝိုင်းလေးကို ကျမက ပြန်စလိုက်မိပါတယ်….
“သမီးတက္ကသိုလ်နောက်ဆုံးနှစ်ကိုမတက်ချင်တော့ဘူးလို့”
ပြောလိုက်တဲ့အချိန်မှာ......ဖေဖေနဲ့ မေမေ နည်းနည်းတော့ အံသြသွားပုံရပါတယ်။ အမြဲတမ်း
ဒေါက်တာရှုး ရှုးနေတဲ့ သမီးတစ်ယောက်က ကျောင်းမတက်ချင်တော့ဘူးဆိုတော့
ပုံမှန်မဟုတ်မှန်းသူတို့ အကဲခက်မိတယ်လေ။ သူတို့စီက ဘာစကားပြန်မှမရသေးခင် ကျမကပဲ
စကားဆက်လိုက်ပါတယ်…..
“သမီးနိုင်ငံခြားသွားပီး
အလုပ်လုပ်ချင်တယ်” တခါမှ မကြားဖူးတဲ့ စကားတွေကြားနေရတဲ့ မိဘနှစ်ပါးက မျက်လုံးပါ
ပြူးလာပါတော့တယ်။ သူတို့အံသြတာက ကျမက သူရဲဘောကြောင်မှန်း
သူတို့သိတယ်လေ...အနီးအနားမြို့လေးကို ကားလေး သုံးနာရီလောက်စီးတာကို
တစ်ယောက်တည်းမသွားရဲခဲ့ဘူးလေ။ ဖေဖေက
“သမီးနိုင်ငံခြားသွားပီး
ဘာလုပ်ဖို့စိတ်ကူးထားလဲတဲ့”..တိကျရေရာလှတဲ့အဖြေမျိုးမဟုတ်သော်လည်း
ကျမပြန်ဖြေလိုက်မိပါတယ်…..
“ပိုက်ဆံရတဲ့အလုပ်ဆို
အကုန်လုပ်နိုင်တယ်လို့” ပီးတော့.. “ နေပှုစပ်ခါးထဲမှာ တရိတ္ဆာန်နဲ့ဖက်ရုံးနေပီး
ဆန်ကောင်းလေးတောင် မစားရတဲ့ တောင်သူဘ၀ကို သမီးမလုပ်နိုင်တော့ဘူးလို့“
ဖေဖေကိုပြန်ပြောမိတယ်။ ဒီလိုနဲ့ ဒီစကားဝိုင်းထဲက အစီအစဉ်တွေက အချိန်တော်တော်ကြကြာအကောင်အထည်ဖော်ဖို့
ခက်နေပြန်သေးတယ်လေ။ အချိန်တွေ ဘယ်လောက်ကြာကြာပါ ကိုယ့်ဘက်က ပြင်ဆင်ထားတာလေးရှိတော့
ထွက်ခွင့်ရလာတဲ့ အချိန်တချိန်နဲ့ ကြုံခဲ့ရတယ်။
ကံကောင်းထောက်မစွာ အလုပ်လုပ်မယ်ဆိုပီး
ကြိမ်းဝါးလာတဲ့သူက မထင်မှတ်ပဲ ကျောင်းသူဘ၀နဲ့ ရပ်တည်နေဖြစ်တာ ခုချိန်ထိဆို ၈
နှစ်တောင်ရှိရောပေါ့။ ဒီအခြေအနေရောက်ဖို့တွက် ဒီလို နိုင်ငံခြားကျောင်းမျိုးမှာ
တက်ခွင့်ရဖို့တွက် ပင်ပန်းဆင်းရဲစွာနေပြီး ပညာသင်ယူခဲ့ရတယ်။ သင်တန်းကျေးပေးပီး
ပညာသင်ခွင့် မရှိခဲ့တဲ့ ကျမတွက် ပညာတော်သင်ဆုပေးပီး ပညာသင်ပေးခဲ့ကျောင်းတွေကိုပဲ
ရွေးချယ်တက်ခဲ့ရတယ်။ ဒီလိုအခြေအနေတခုကို စုပ်ကိုင်နိုင်ဖို့
ပေးဆပ်ခဲ့ရတဲ့အချိန်တွေကို ပြန်လည် စဉ်းစားမိတယ်။.ဘ၀ကပျော်စရာအရမ်းကောင်းတဲ့
အချိန်တွေရှိသလို ၀မ်းနည်းကြေကွဲစရာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဘ၀ဆိုတာ
ဒါပဲနေမှာပါ နိုမ့်တခါမြင့်တလှည့်ပေါ့ အမြဲတမ်းတော့ ဆင်းရဲဒုက္ခတွေနဲ့
ရင်ဆိုင်နေရမှာမဟုတ်ပါဘူးလေ။ မိဘမဲ့ ကလေးများအလား ဘာစားစား၊ ဘာဝတ်ဝတ်၊
ဘာပစ္စည်းပဲပေးပေး တကျောင်းလုံးအတူတူရတယ်။
ကိုယ့်ရဲ့
အတိတ်တွေကခက်ခဲမှု ရုန်းကန်ခဲ့မှုတွေကိုပြန်ကြည့်လိုက်ရင်တော့ ကိုယ့်ကိုယ်ကို
ဂုဏ်ယူမိပါတယ်။ တချိန်တုန်းကတော့ ကိုယ့်နေတဲ့ပါတ်ဝန်ကျင်မှာ အငယ်ဆုံးပေါ့ ခုတော့
ကိုယ်နေ့တဲ့ ပါတ်ဝန်ကျင်မှာ အကြီးဆုံးနီးနီးဖြစ်နေတော့ အသက်ပိုင်းဆိုင်ရာကို
သူများနဲ့ ယှဉ်ကြည့်လိုက်တဲ့ခါ အော် ငါ့ဘ၀က ဒီနားပဲရှိသေးပါလာ ဒီကလေးတွေနဲ့
အတူပဲရှိနေသေးပါလားဆိုတဲ့ အတွေးမျိုးတွေလည်း ၀င်မိပါတယ်။ တကယ်တော့ ဖြတ်သန်းလာကြတဲ့
ဘက်ဂဂေါင်းတွေမှမတူကြတာပဲလေ။ သူများတွေ တစ်ဆယ်လေးငါး ခြောက်နှစ်လောက်မှာ
အင်္ဂလိပ်စာလေးဘာလေးကို ဖွတ်ချွတ်တတ်နေတဲ့အချိန်လောက်မှ ကိုက “ ရက်စ်”
နဲ့ “နိုး” နဲ့ နှစ်လုံးးသိတာကိုး ဘ၀တွေကကွာလွန်းပါတယ်။ သူများတွေက
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောဒီတို့ တူးဒီတို့နဲ့ စိုးစံလိုဘော်ဒါကြီးမှာ
ကျောင်းတက်လာတဲ့ သူငယ်ချင်းများကြား မျက်လုံးလေး ကလယ် ကလယ်ပေါ့။ လောကကြီးမှာ
တခါတလေ အပြစ်တင်ချင်သော်လည်း ဘယ်သူကိုတင်ရမှန်းမသိ ဖြစ်ဖြစ်နေတယ်။ တခါတလေတော့လည်း
စိုင်းစိုင်းသီချင်းထဲကလို “ လောကကြီးက မတရားဘူး ပြောပြချင်တယ် “ ဆိုပီး
အော်ဆိုဖြစ်ပါတယ်။ လူတိုင်းကတော့ အနည်းနဲ့ အများ ရူး
နေကြတဲ့သူတွေကြီးပဲလေ..ကိုယ့်ကတော့ များများထဲမှာပါတာသေချာတယ်။
အတွေးများတဲ့သူဆိုတော့လည်း သာမာန်လူတွေထက်တော့ ပိုပီး ရူးမိတာသေချာပါတယ်။
ကိုယ့်တွေးတဲ့အတွေးတွေက တခါတလေမှားခြင်မှားနေနိုင်ပါတယ်..သို့သော်လည်း
ကိုယ့်ခေါင်းနဲ့ မှီသလောက်တော့ အရာရာတိုင်းကို တွေးတောသုံးသပ်တတ်တဲ့အကျင့်တခုကတော့
သေတောင်ဖျောက်လို့ရမှာမဟုတ်ဘူးထင်တယ်။ အားနည်းချက်ပဲ ဆိုရမလား
အားသာချက်ပဲဆိုရမလားမသိပေမဲ့...တချို့အတွေးတွေကတော့ လူကိုရူးသွပ်စေတယ်.။
ကိုကျားပေါက်ကတော့ပြောပါတယ် “ရူးသွပ်ခြင်းဆိုတာ ရာသီကုန်တယ်မရှိဘူးတဲ့..”
.ကျမအတွက်တော့ သိပ်မှန်တဲ့ စာတိုလေးတခုပါ။ ဘယ်အတွက်နဲ့ပဲရူး ရူး
ခိုင်လုံတဲ့အကြောင်းပြချက်ရှိလို့ တခုခုကိုစွဲလမ်းလို့ ရူး ကြတာပါ။ ကျမကတော့ ရူး
သွပ်နေရတာကို သဘောကျတယ် ရူး သွပ်မှုတွေသာမရှိခဲ့ရင်
ဘ၀ကြီးကတော်တော်လေးခြောက်သွေ့နေမှာပဲလို့လည်း တွေးမိတယ်။ ရူးသွပ်ဖူးတယ်
ပညာရေးအတွက်လည်း ရူးသွပ်ခဲ့ဖူးတယ်၊ အချစ်ရေးတွက်လည်းရူး သွပ်ခဲ့ဖူးသလို၊
ကြမ်းတမ်းတဲ့ ဘ၀အခက်အခဲတွေ ကြားကလည်း အိမ်မက်လှလှလေးတွေကို စိတ်ကူးယှဉ်ပီး ရူး
သွပ်ခဲ့ဖူးတယ် ပြန်မရနိုင်တော့တဲ့ အရာများအတွက်လည်း ရူး သွပ်ခဲ့ဖူးတယ် အနာဂါတ်မှာ
ဖြန်သန်းရမဲ့ ခရီးအတွက်လည်း ရူး သွပ်နေဆဲပဲလေ။ ကျမဟာ ရူး သွပ်ခြင်းတွေကိုပဲ
ပိုင်ဆိုင်နေတဲ့ သူဆိုရင်လည်း မှန်ပါလိမ့်မယ်။ ရူး သွပ်မှုတွေသာ ပိုင်ဆိုင်ပီး
တခါတလေ အကောင်အထည်ဖော်ခွင့်မရှိတဲ့ အခြေအနေမှာပေါ့ လဲပြိုမှုတွေနဲ့
ရင်ဆိုင်ရတာပေါ့လေ ဒါတွေကိုလည်း ဘ၀အတွက်တွန်းအားတခုလို့ပဲ ယူဆထားပါတယ်။ လောကကြီးမှာ
ပြီပြည့်ဆုံနေတဲ့ သူရယ်ဆိုတာတော့ရှိမှာမဟုတ်ဘူးပေါ့လေ တစ်ခုခုကိုတော့
ဆာလောင်ငတ်မွတ်နေကြမှာပါ။ ကျမသည် ရှင်သန်နေသေးသ၍ ရူးသွပ်နေဦးမည်။